Htc Phone တော်တော်များများကို UnlockBootloader လုပ်နိုင်သည့်ဆော့ဝဲလ်
ပုံမှာဖော်ပြထားတဲ့ Htc phone အမျိုးအစားများကို ဒီဆော့ဝဲလ်လေးတစ်ခုထဲမှာတင် UnlockBootloader လုပ်လို့ ရပါတယ်။ဖုန်းဝါသနာရှင်များနှင့် Service သမားများဆောင်ထားသင့်ပါတယ်။လိုချင်ရင်အောက်တွင်ဒေါင်းနိုင်ပါတယ်။
Download link
Android User များဆောင်ထားသင့်တဲ့ Android User Guid စာအုပ်လေး
Collection Of Android မှ ကို Chateau Man ဖြစ်ပါတယ်။
Download လုပ်ရန်။         ။ Link>>>>>>>><<<<<<<<
ဓာတ်ပုံပြင်တဲ့ဆော့ဝဲလ်(PerfectShot V1.0)
ngathant.jpg 
ဓာတ်ပုံပြင်တဲ့ ဆော့ဝဲလ်အသစ်လေးတွေ့ လို့ တင်ပေးလိုက်ပါတယ်။ကျွန်တော်လို ရုပ်မချောတဲ့လူတွေအတွက်အဆင်ပြေတာပေါ့။သူရဲ့ ထူးခြားပုံက စရိုက်တည်းက တစ်ခါတည်းပြင်ဆင်ပြီးရိုက်လို့ ရတယ်ဗျ။အပေါ်က ပုံလေးတွေကို ကြည့်ပြီးကြိုက်ရင်ဒေါင်းသွားလိုက်နော်။
https://www.dropbox.com/s/1ccaf6xiabfclap/PerfectShot%20v1.0%20Shared%20by%20ngathant.apk?m
Htc Butterfly ကို Root လုပ်ချင်သူတွေအတွက်
Htc Butterfly မြန်မာဖောင့်ပါလာပေမဲ့  Root လုပ်ချင်တဲ့သူများအတွက်တင်ပေးလိုက်ပါတယ်။ဒီမှာ သွားရောက်လေ့လာနိုင်ပါတယ်။
Sony ဖုန်းများအတွက် ရပင့်အပေါ်မတက်သော် CWM recovery
ဆိုနီဖုန်းတွေမှာအများဆုံးအဖြစ်များတာကတော့ ရပင့်တွေအပေါ်တက်နေခြင်းပဲဖြစ်ပါတယ်။အခုပေးထားတဲ့ recovery လေးကတော့ အဲဒါကိုဖြေရှင်းပေးမဲ့ recovery လေးပဲဖြစ်ပါတယ်။အရင်ဆုံး zip file ကိုဒေါင်းလိုက်ပါ။ပြီးရင်..Extract လုပ်ပြီး အထဲမှာပါတဲ့ .exe ဆိုတာကို run လိုက်ပါ။အပေါ်ဆုံး box မှာက ဖုန်းအမျိုးအစားကိုရွေးပေးရမှာပါ။အောက်က box နှစ်ခုမှာက မိမိတို့ ဖုန်းရဲ့ version ပဲဖြစ်ပါတယ်။မိမိတို့ ဖုန်းက 2.0 အထက်ဆိုရင် အောက်က box ကိုရွေးရပါမည်။ ဖုန်းက  4.0 အထက်ဆိုရင် အပေါ်က box ကိုရွေးပေးပြီး next ကိုနှိပ်လိုက်ပါ။နောက်ဆုံး....ဖုန်း restare ကျသွားပြီး...ပြန်တက်လာလျှင် recovery တင်ပြီးသွားပါပြီခင်ဗျာ။ဆိုနီဖုန်းတွေရဲ့ recovery mode ၀င်နည်းတွေကတော့ ဖုန်းတစ်လုံးနဲ့ တစ်လုံးမတူတော့ ကျွန်တော်ဒီနေရာမှာမတင်ပြတော့ပါဘူးခင်ဗျာ။
Recovery အားဒေါင်းရန်
Titanium Backup ထက်ကောင်းတဲ့ Backup software
online အနေနဲ့ လည်း box တို့  dropbox တို့ မှာ မှတ်သားထားနိုင်ပါတယ်။သုံးကြည့်သင့်တဲ့ app လေးဖြစ်ပါတယ်။
http://db.tt/LRGouVRQ
Huawe G510-0010(U8951) Root (Unlockcode မလို)
Huawei G510-0010(U8951) အတွက် root လေးပါ။ Unlockcode တောင်းစရာမလိုပါဘူး။လုပ်ဖို့အလွန်းလွယ်ကူပါတယ်။
ဒါပေမယ်တစ်ချက်သတိထားရမှာက မိမိဖုန်းရဲ Build Number လေးကိုအောက်ကအဆင့်တွေမလုပ်ခင်စစ်ပေးပါ။
ဒီကောင်က **Build Number -V100R001C17B165- * မှာအားလုံးအဆင်ပြေပါတယ်
အခြား Build Number များဖြစ်ပါက ဖုန်းအတွက် Error များရှိနိုင်ပါတယ်။
Build Number စစ်ဖို့က System Setting>About ထဲမှာရှိပါတယ်။
တကယ်လို့ အခု root လုပ်လို့ရတဲ့ Build Number နဲ့တူတဲ့ Firmware လိုချင်တယ်ဆိုလျှင်တော့ဒီအောက်က link မှာ Down ပါခင်ဗျာ။
http://www.huaweidevice.com/cn/downloadCenter.do?method=toDownloadFile&flay=software&softid=NDIyMTY%3D
ကဲ Build Number -V100R001C17B165 ဖြစ်တဲ့ဘော်ဒါတွေစ root လိုက်ရအောင်
http://www.mediafire.com/?jj5ooecaxkn9ms0
1. G510 Update File ဒါလေးကို Download လုပ်ပြီး Extract လုပ်ပါ။
2. dload folder လေးရပါလိမ့်မယ် အဲ့ဒီ Folder လေးကို Memory Card ထဲ ဒီအတိုင် Copy ကူးထည့်လိုက်ပါ။ ***ဘယ် Folder အောက်မှမထည့်ပါဘူး***
3. ဖုန်းကိုပိတ်ပြီး Battery ထုတ်ပြီး ခဏစောင့်ါပါ။
ပြီးလျှင် SD Card ထည့် Battery ပြန်ထည့်ပြီ
(Power) နှင့် Vol Up + Vol Down ကို ပြိုင်တူဖိထားပေးပါ။ ဖုန်းမှ Update
လုပ်သွားပါလိမ့်မယ်။
ဖုန်းပြန်ပွင့်လာပြီးဆိုရင်တော့ UnlockRoot နဲ့သာ root လိုက်ပါ အားလုံးအဆင်ပြေသွားပါလိမ့်မယ်။
UnlockRoot 3.1 (Download Link)
http://www.mediafire.com/?ygdpn2t38c98rb9
မှတ်ချက်။ ။ Build Number -V100R001C17B165 သာ ပြည့်စုံကောင်းမွန်ပါသည်။
CREDIT TO MMUC မှ ကိုဟိန်းထက် ၏ Post အားပြန်လည်ဝေမျှခြင်းဖြစ်ပါသည်။
U8950D Original firmware တင်နည်း
ဖုန်းကို firmware တင်ဖို့  sdcardက အနည်းဆုံး 4GB လောက်ရှိရပါမယ်။ပြီးရင် format ချပေးဖို့ လိုပါတယ်။ဒေါင်းလုပ်ဆွဲထားတဲ့ zip file ကို extract လုပ်ပြီး sdcard ထဲကို ကူးထည့်လိုက်ပါ။ဖုန်းကို volume up+volume down+power ကို တပြိုင်တည်းနှိပ်ထားပေးပါ။step (1) စတင်ပြီးအလုပ်လုပ်နေပါလိမ့်မယ် ပြီးရင် step(2) အကုန်ပြီးသွားရင်တော့ဖုန်းက restart သုံးလေးခါလောက်ကျပြီးရင် original firmware ကိုပိုင်ဆိုက်နိုင်ပါပြီခင်ဗျာ။
Download link<<<<<>>>>>>
Viber Code ကို ကွန်ပျုတာနဲ့ တောင်းမယ်
တစ်ခါတစ်လေကျရင် viber code တောင်းရင်မရတတ်ပါဘူး။ကော်နက်ရှင်ပဲမကောင်းလို့ လား viber ကလူတွေပဲအိပ်ပျော်နေကြတာလားတော့မသိပါဘူး။အခုတော့ ဒါတွေကို ပူနေစရာမလိုတော့ပါဘူး။phone နဲ့ လဲတောင်းမနေနဲ့ တော့ အလုပ်တွေရှုပ်လို့ လေ။ကျွန်တော်အခုပေးတဲ့လင့်ထဲကို နီးရာအင်တာနက်ဆိုင်ကကွန်ပျုတာနဲ့ ဝင်ပြီးတော့ တောင်းလိုက်ပါ။ဖုန်းမှာ ဘာအင်တာနက်မှဖွင့်ထားစရာမလိုပဲ viber ကနေပြန်ပြီးဖုန်းခေါ်ကာ code numberပေးပါလိမ့်မယ်။
ဒီလင့်ကိုသွားပြီးတောင်းလိုက်ပါ။       ။http://activate.viber.com/viber/activate_user.html
မှတ်ချက်။             ။သစ်ဆန်းခန့် မှ ကိုးကားထားခြင်းဖြစ်ပါသည်။
Temple Run 2 v1.0.1 APK
ဒီ game လေးကတော့ လူတိုင်းဆော့ဖူးကြမယ်ထင်ပါတယ်။အခုဟာကတော့ version အသစ်လေးပါ။
ဒီမှာ ယူလိုက်ပါနော်။
Download link (မူရင်းလင့်အတိုင်း Share ပေးထားပါတယ်ခင်ဗျာ။)
ဖုန်းလာရင်မီးလေးလင်းတဲ့ apk လေးပါ။
ဖုန်းလာရင် flash မီးလေး လင်း အောင် လုပ် တဲ့
app လေးပါ။
Download
Go sms pro
Go sms သုံးသောသူများအတွက်
နောက်ဆုံးထွက်တဲ့ ဗားရှင်းပါ
သုံးရတာတော့ တော်တော်လေးပေါ့သွားတယ်။
Download
Go sms Emjiplugin
Go Sms မှာစာပို့ ရင်းနဲ့ အရုပ်လေးတွေပါ
တွဲပို့ချင် သူများအတွက်ပါ။
Download
2G/3G အလွယ်တကူပြောင်းကြမယ်။
ဖုန်းကို network ခြိမ်းတဲ့ apk လေးပါ
တော်တော် အသုံးဝင် ပါတယ်
G S M က နေ WCDMA ကိုခြိမ်းချင် လား
WCDMA က နေ GSM ကိုခြိမ်းချင် လား
WCDMA preferred ထားချင် လား
GSM only ထားလဲ ရတယ်
WCDMA only ထားလဲ ရတယ်။
ဒေါင်းလုပ်ဆွဲရန်လင့်
မြန်မာဂျာနယ်နှင့်သတင်းများဖတ်လို့ ရတဲ့ apk လေး
မြန်မာ ဂျာနယ် အစုံနှင့် နေစဉ် ထုတ်သတင်းစာများ ကိုဒေါင်းပြီး ဖတ် ချင် သူများအ တွက် ပါ
ဖုန်းနဲ့စာဖတ် ချင် သူတွေအတွက် အဆင်ပြေပါတယ်။
Download Link
Music Player (TTPod new version)
ဒီ TTPod music player version အသစ်လေးကလဲ အသုံးပြုရတာအဆင်ပြေပါတယ်။မသုံးဘူးတဲ့သူငယ်ချင်းများရှိရင်စမ်းပြီးသုံးကြည့်လို့ ရအောင်
တယ်ပေးလိုက်ပါတယ်။
Dမှာယူလိုက်ပါ။
Facebook Version အသစ်လေး (version 2.1)
facebook version အသစ်လေးကို သူငယ်ချင်းများအတွက်တင်ပေးလိုက်ပါတယ်ခင်ဗျာ။ပိုမိုမြန်ဆန်ပြီးသုံးရတာပိုပြီးအဆင်ပြေပါတယ်။လိုချင်ရင်
အောက်ကလင့်မှာယူလိုက်ပါ။
Download Link>>>>>>>>>>>
Samsung Galaxy Ace S5830I ကို root လုပ်ခြင်းနှင့် CWM Recovery တင်ခြင်း
အခုတင်ထားသည့် root file and recovery file များသည် s5830i အတွက်သီးသန့် ဖြစ်ပါသည်။root & recovery တင်ဖို့ လိုအပ်သည်များကို ဒေါင်းလိုက်ပါ။ပြီးရင်ဖုန်းကို recovery mode ထဲသို့ ဝင်ပါ။recovery mode ထဲသို့ ဝင်နည်းကတော့ power+home button+volume up ကို တစ်ပြိုင်တည်းနှိပ်ထားလိုက်ပါ။recovery modeထဲသို့ ရောက်သွားရင် အရင်ဆုံး root file နဲ့ root လုပ်လိုက်ပါ။ပြီးရင် အပေါ်မှနည်းအတိုက်း recovery modeထဲသို့ ဝင်ပြီး.....recovery file ကို install လုပ်လိုက်ပါ။
Download for root file
Download for recovery file
Download for unroot file
Samsung Galaxy W I8150 root and unroot လုပ်ခြင်း
(1) Download root file
(2)Download unroot file
အားလုံးပဲအဆင်ပြေပါစေခင်ဗျာ။
စွယ်စုံရ website apk လေး
မိတ်ဆွေသူငယ်ချင်းများအတွက် စွယ်စုံရသည့် apk လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ဒီ apk လေးမှာ ဘယ် website တွေပါလဲဆိုတာသိခြင်ရင်တော့ အောက်တွင်ဖတ်နိုင်ပါတယ်။
HWH Version 1.0 တွင် ပါရှိသော သတင်း ဌာနများ
App Open>>Source
၁။ သစ်ထူးလွင် (သတင်းစာမျက်နှာ)
၂။ ရိုးရာလေး (သတင်းစာမျက်နှာ)
၃။ Voice Of America(VOA) (သတင်းစာမျက်နှာ)
၎။ Democratic Voice of Burma(DVB) (သတင်းစာမျက်နှာ)
၅။ အင်တာနက်ဂျာနယ် (နည်းပညာ)
၆။ ဧရာဝတီ (သတင်းစာမျက်နှာ)
၇။ ဧရာဝတီ ဘလောဒ့် (သတင်းစာမျက်နှာ)
၈။ Opposite Eye (သတင်းစာမျက်နှာ)
၉။ မောင်ကျောက်ခဲ (သတင်းစာမျက်နှာ)
၁၀။ Myanmar Mobile App Store(MMAS) (မိုဘိုင်းဖုန်းနည်းပညာ)
၁၁။ ဝင်းကမ္ဘာကျော် (နည်းပညာ)
၁၂။ ဒေါင်းမာန်ဟုန် (သတင်းစာမျက်နှာ)
၁၃။ HWH မှ ပို့စာ (ဤ APPနှင့် ပတ်သက်၍ သတင်းပို့)
၁၄။ TechSpaceဂျာနယ် (နည်းပညာ)
၁၅။ Models (ခေတ်သစ်မော်ဒယ်လေးများ)
၁၆။ နစ်နေမန်း (သတင်းစာမျက်နှာ)
၁၇။ သမ္မတရုံး (သမ္မတရုံးစာမျက်နှာ)
၁၈။ ခေတ်လူငယ် (သတင်းစာမျက်နှာ)
၁၉။ Hot News Weekly (သတင်းဆောင်းပါး)
၂၀။ သက်တန့်ချို (ရင်ထဲထိမိသော စာများ)
၂၁။ ပေါ်ပြုလာဂျာနယ် (သတင်းစာမျက်နှာ)
၂၂။ မိုးမခ (သတင်းစာမျက်နှာ စသည့်တို့ ပါဝင်ပါတယ်။internat connection ကို ငါးမိနစ်လောက်ဖွင့်ထားလိုက်တာနဲ့  သုတ၊ရသ မျိုးစုံကို offline အနေနဲ့ ပြန်လည်ဖတ်ယူနိုင်မှာဖြစ်ပါတယ်။
Dမှာဒေါင်းလိုက်ပါ။(မူရင်းလင့်လေးအတိုင်းပြန်လဲမျှဝေပေးလိုက်ပါသည်။)
Samsung Galaxy S Plus GT-I9001 ကို CWM recovery တင်နည်း
ဒီတစ်ခါတော့ Samsung galaxy s plus gt-i9001 ကို cwm recovery တင်နည်းလေးပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့  cwm recovery ကို အရင်ဆုံး download ဆွဲလိုက်ပါ။
ဒေါင်းထား zip file လေးကို sd card ထဲကိုထည့်ထားပါ။ပြီးရင် ဖုန်းကို recovery ထဲသို့ ဝင်ရပါမည်။recovery ထဲကို ၀င်နည်းကတော့ ဖုန်းရဲ့ power +volume up ကိုဖိထားပြီး samsung logo လေးပေါ်လာရင် power ခလုတ်လေးကို လွှတ်ပေးလိုက်ပါ။recovery ထဲကိုရောင်သွားပါလိမ့်မယ်။ထို့ နောက် update zip file from sd card ဆိုတာကိုရွေးပေးလိုက်ပါ။ပြီးရင် ဒေါင်းထားတဲ့ဖိုင်လေးကိုရွေးလိုက်.......စာတန်းလေးတွေ...လုပ်နေပြီး...installtion complected လို့ ပေါ်ရင် recovery သွင်းတာအောင်မြင်သွားပါပြီ။reboot system now ဆိုတာရွေးလိုက်ရင် ဖုန်း
reboot ကျသွားပါလိမ့်မယ်။အခုဆိုရင် samsung galaxy s plus ကို cwm recovery တင်ခြင်းအောင်မြင်သွားပါပြီ။cwm recovery တင်ပြီးသွားရင် မိမိတို့ ကြိုက်တဲ့ custom rom များကိုဆက်လက်ပြီးတင်နိုင်ပါပြီခင်ဗျား။ကျေးဇူးတင်လျှက်.............................
Download CWM recovery..........
Viber ထက်ကောင်းတဲ့ ဆော့ဝဲလ်လေး(Line:Free Calls&Free Messages)
Download link (1) http://line.naver.jp/en/ (မူရင်းလင့်လေးပါ)
Download link (2) http://www.mediafire.com/?spd8fb1ctz5qwgd
ကြိုက်တဲ့လင့်ကနေဒေါင်းနိုင်ပါတယ်။
counter blog
Facebook တွင် Like လုပ်ခြင်းဖြင့်အားပေးပါ။
Thantzawthet. Powered by Blogger.
အကြည့်အများဆုံး Post များ
Archive
Followers